Header-IMG2
အဝေးထွက်သွားသူ Artist : ရတနာမိုင်
အကြိမ်ကြိမ်အခါခါ မင်းပြောဖူးခဲ့တာ ဆံနွယ်ရှည်ဆို သိပ်မြတ်နိုးတတ်တာ ညင်သာစွာ ခြေလှမ်းလေးများလှမ်းတိုင်းမှာ ကြယ်ရောင်စုံတွေ ၀င်းလက်ပြိုးပျက်သွား… ကြင်ကြင်နာနာ စကားများပြောတိုင်းမှာ ရယ်သံချိုတွေ မင်းနှစ်သက်ခဲ့တာ နေညိုချိန်တို့လမ်းခွဲရတဲ့အခါ နာရီတွေကို မင်းမုန်းတီးခဲ့တာ…. CHO: ဒါတွေမေ့ကာ အဝေးထွက်သွားသူရာ ရင်ခွင်အသစ်မှာ မင်းပျော်လို့နေမလား အချိန်ရှိတိုင်း မြတ်နိုးစွာနမ်းနေကြ ဆံနွယ်လေးတွေ မေ့လိုက်လား … အတူကြည်နူးချိန်တိုင်းမှာ ပြောနေကြ ကတိစကားတွေ ပျက်ပြယ်သွားပြီလား ပုံပြင်ဟောင်းလို စွန့်ပစ်ထားတာလား မှုန်ရီသွားပြီ တို့အချစ်ည ဆုံးရှုံးခဲ့ပြီလား (အလွမ်းများ…)… Rep 1 : ဝေးခဲ့တဲ့အချစ်တွေနဲ့ ပြန်ဆုံဆည်းဖို့ တောင်းတခဲ့လည်း ကုသိုလ်ရင်မှာ နည်းခဲ့တော့အခုဆိုရင်မှာ အသည်းကွဲပေါ့ ကြင်နာသူမင်းမရှိလို့ ရင်မှာအပူမီးအတိပေါ့ အပြင်ကမ္ဘာထုကြီးသိပေါ့ ရင်ခုန်စွာ နှစ်သက်ဖူးတဲ့ ရယ်သံတွေကိုမေ့လိုက်တော့ နင်ကိုယ်တိုင်မုန်းတီးခဲ့တဲ့ နာရီတွေပေါ်စီးမျောတော့ မထင်မှတ်ဘူးရင်မှာရူး ငါလေဇွတ်မချစ်တော့ပါဘူး စိတ်ရမ္မက်ကို အိပ်မက်ဖို့ အတိတ်ရက်ကို မလွမ်းတော့ပါဘူး ဟူး ရေး ဟူး ရေ…. Rep 2 : ပတ်သက်ခဲ့ အမှားတွေအတွက် ရက်စက်တဲ့ စကားချက်နဲ့ နှစ်သက်သက်မဲ့ ထားခဲ့တယ် တစ်ဖက်သတ် စွပ်စွဲချက်နဲ့ အလွမ်းများ ငါ့အတွက်အလွမ်းများ… ဖြေသိမ့်မယ့်ဆေး ရှာပေးပါမတောင်းဆိုချင်ဘူး (အလွမ်းများ) ငါ့အတွက်အလွမ်းများ ရင်ထဲမှာမင်းအကြောင်းတွေ မတွေးချင်တော့ဘူး(အလွမ်းများ) ငါ့အတွက်အလွမ်းများ … ဟူး.. ဟူး.. ဟူး.. ရေ CHO

Labels:

Read More...
မောင့်ကိုချစ်ရင် Artist : CARTOON
မောင့်ကိုချစ်ရင် မောင့်ကိုချစ်ရင် … ပြောနေမြဲ… တကယ်တမ်းကျတော့ နင်ကအ၀တ်အစားပဲ ဈေးရောက်ရင်ဝယ်ခဲ့ပါ အင်္ကျီတစ်ထည် အလုပ်တွေရှုပ်လို့မရောက်ဖြစ်ဘူး လိမ်ပြောတယ် နိုက်ကီနဲ့ အဲဒီဒက်စ်ကို မောင်ကြိုက်တယ် နင့်အကြိုက်ကို လိုက်ခဲ့တာကုန်တော့မယ်… အ၀တ်အစားကို နင်ကချစ်တာလား မင်းပြောစမ်းပါ… ငါ့ကိုရင်တွင်းစကား အတူသွားကာ ဈေးထဲရောက်ရင်ဟိုငေးဒီငေး ကြိုက်တာတွေ့ရင် လက်တို့ပြီးဝယ်ပေး ၀ယ်ပေး ဘယ်လောက်လဲလို့ ကြည့်လိုက်တော့ အမယ်လေး အမယ်လေး… အချစ်ဆိုတာကိုမသိ အ၀တ်အစားကိုကြည့် လိုချင်ပြီဆို နင့်မျက်နှာကပြုံးစိစိ နင့်ကိုငါကချစ်နေတော့ အရှုံးအမြတ်မကြည့် သုံးသပ်ကြည့် မှန်လား မှားလား ရုန်းထွက်မရတော့ ကံဆိုးသွား ငါ့ရဲ့စိတ်က ဘာဖြစ်သွားလဲ နင့်နဲ့ကျမှ မင်းဆန္ဒကိုလိုက်လျောလို့ ငါ့အကြွေးများ … မစားရက်မသောက်ရက် စုထားတဲ့မုန့်ဖိုး နင်နဲ့တွေ့ရင် လစ်ဗင်းကာလာ ၀င်သွားတာကုန်လို့ ချေးထားတဲ့သူတွေက ငါ့ကိုရန်လုပ် တစ်ပတ်အတွင်းမပေးနိုင်ရင် အိမ်နဲ့တိုင်မလို့ မလုပ်ပါနဲ့လို့ ချော့မော့ပြောပြီး တောင်းပန်ရလို့ အခုငါမောပြီ … အပြေားလေးနဲ့ အပြုံးလေးနဲ့ငါ့ကိုမြူဆွယ် နင့်ကိုငါလေးစားတယ် နင်လူလည် အပေါင်းအသင်းတွေပြောလည်း ငါမမှုတကယ် ရိုးသားပြီးအလှကြိုက်လို့ ငါထင်ပါတယ် ဒါပေမဲ့ ငါ့ကိုတော့ကြင်နာပါကွယ် နင်ပစ်သွားရင် ငါကရင်နာမှာပဲ … နင့်ခါးဆိုဒ်တောင် အလွတ်ရပြီ သာတီတူး တီရှပ်ဆိုရင်နင်ဝတ်တာ အိတ်အိတ်အယ်လ် ဦးထုတ်ဆိုရင် နယူအဲရာကို သိပ်ကြိုက်တယ် ဖိနပ်ဆိုရင် အောစတားပဲနင်စီးမယ် ငါသွားချင်တဲ့နေရာတွေကို နင်မလိုက်ပါ ချိန်းတွေ့တိုင်းသွားတတ်တာ ရှော့ပင်းစင်တာ မောပြီးပြန်လာ ခြေထောက်ညောင်းလို့ ဒါကိုမင်းကဂရုမစိုက် ရူးမိုက်စွာ ငါ့ကိုချစ်တယ်ဆိုတာမယုံရပါ သုညပါ နင့်အချစ်က ဒါပေမယ့် ငါ့ကမေ့လို့မရ (အဲဒီတော့ပိုဆိုး နင့်အ၀တ်အစားဖိုး)၄ … မောင့်ကိုချစ်ရင် … မောင့်ကိုချစ်ရင် … ပြောနေအမြဲ မောင့်ကိုချစ်ရင် … မောင့်ကိုချစ်ရင် … အ၀တ်အစားပဲ (မောင့်ကိုချစ်ရင် … မောင့်ကိုချစ်ရင် …) ၂ လိမ်ပြောတယ် (မောင့်ကိုချစ်ရင် … မောင့်ကိုချစ်ရင် …) ၂ ကုန်တော့မယ်

Labels:

Read More...
အချစ်မရှိမှဘဲ… ငါ Artist : ရဲလေး
Rap 1 : ကံကြမ္မာက သူသတ်မှတ်ခဲ့လို့စီစဉ်တာများ…ဒီဒဏ်ရာကမင်းလုပ်ခဲ့လို့ မပီပြင်ပါကွာ… ငါ့ချစ်သူမင်းပခုံးမှာပေးဆပ်ရင်းပဲ မှီချင်လာတာ… အရှုံးတွေနဲ့ပဲသည်းခံပြီး ငါပြုံးနေခဲ့တယ်…. ဘယ်သူမှမသိတဲ့အချိန်တွေမှာ တွေ့ပြီးပြန်ကြမြဲ မင်းသိပ်ဖြစ်ချင်နေတာက…. အပေါင်းအသင်းကြားမှာစံပြအတွဲ… ပြန်မရခဲ့ စတွေ့ချိန်ကကြားခဲ့တဲ့စကားသံကို… အခုတော့တခြားစီပဲ… ငါ့ဘက်ကြည့်မှားပြန်လို့… ချိန်ထားတဲ့ပြက္ခဒိန်ကနေ့ရက်တွေသာပြောင်းလာမယ်… တယ်လီဖုန်းပြောရင် လေသံတွေကမာပြီး fault လာတယ်… ဘယ်ဆီမှာလဲ… အရင်ကနေ့ရက်များစွာက… တစ်ခါတစ်လေမှာစိတ်ကုန်တာ… တဒင်္ဂသွေးပျက်သွားတာပါ… ယောက်ယက်ခတ်ပြီးချစ်ခဲ့တာ… တကယ်အတွင်းထိရူး… ဒါတွေနဲ့ပတ်သက်ရင်ငါ… မျက်ရည်လွယ်တာ မင်းမသိဘူး… ၀မ်းမနည်းခဲ့ တစ်ချိန်မှာမင်းကသိမှာပါ… ငါရေးထားသမျှ လမ်းခွဲမယ့်အကြောင်း… သီချင်းမရှိဘူး… CHO : မင်းကမုန်းရက်နိုင်ပြီလား… မင်းကပြောရက်နိုင်ပြီလား… အဝေးမသွားပါနဲ့… အချစ်မရှိမှာဘဲ ငါ သိပ်ကြောက်နေမိတာ… မင်းကလမ်းခွဲနိုင်ပြီလား… မင်းကမေ့လိုက်ချင်ပြီလား.. အဝေးမသွားပါနဲ့… မင်းရှိနေပါ… မင်းရှိနေပါကွာ… Rap 2 : မထင်မှတ်တဲ့အချိန်မှာတွေးကြည့်ရင်.. ငါယောက်ျားလေးပဲ… မဖောက်ပြားသေးဘဲ… ချစ်ခဲ့တာတွေကိုလည်းလျှောက်ကြွားသေးတယ်…စွပ်စွဲတယ်… အဆင့်မရှိတဲ့စွဲချက်တွေနဲ့…မကျွတ်ကျဲပဲ.. ငါ့စိတ်ငါလုံတယ်.. မင်းရဲ့စိတ်မှာမရွံ့မရဲ… အနေဝေးလည်း…တစ်ဘ၀လုံးအတူနေမယ်လို့… အဖြေပေးခဲ့… လိုအပ်ချိန်တိုင်းလည်း မင်းရဲ့ဘေးမှာနေပေးဆဲ… ကမ္ဘာကြီးကကျယ်တယ်… ဒီအသိုင်းအ၀ိုင်းဆိုတာ သိပ်ကိုကျဉ်း… မင်းကြားတဲ့သတင်းတွေလည်း… ငါမခံနိုင်တော့ငါစိတ်တိုရင်း… စကားတွေကများ… သွားနေကြလမ်းတွေဟာ အရင်လိုပုံစံတိုင်း… မလွတ်လပ်တော့ပါ… မတော်တဲ့ဖိနပ်ကိုဒုက္ခခံပြီးစီးလည်းကျွတ်ထွက်တော့မှာ… မင်းဘက်က ဘယ်လိုသိဦးမလဲ… တွေးကြည့်ရင်ငိုမိတုန်းပဲ… အသည်းကွဲသီချင်းတွေကိုလည်းဆိုကြည့်ဦးမယ်… စဉ်းစားတယ် ဒီဘောင်ကိုကျော်မလာနဲ့… သူ့ရဲ့ဘက်ကမျဉ်းတားတယ်… အရာရာကိုစိန်ခေါ်ပြီးငါ့ဘ၀နဲ့အခု… ရင်းထားတယ်… ဘော်ဒါတွေပြောနေကြတဲ့… အတွင်းစကားရယ်ပေါင်းပြီးတော့… ထွက်လာရင်မခံနိုင်ပါဘူး… သတင်းများတကယ်… CHO : Rap 3 : မလွမ်းဘူးလို့အားတင်းလည်း… ငါ့ကိုယ်ငါပဲညာနေတာ… အပြင်ကသည်းတဲ့… မိုးမှာသတိရခြင်းတွေပါနေမှာပဲ…ရွာနေတဲ့ငါ့ရင်ထဲမှာမစဲတော့ဘူး… အခုဒါတွေဟာ… တရားခံဟာ ဘယ်မှာလဲ... ပိုက်စိတ်ကြိုက်ပြီးရှာနေတာ… ညဘက်ရောက်ရင် ဖုန်းဆက်တဲ့သူအကြောင်းကို… ဖြေရှင်းပါ… သူကဘယ်သူလဲ… ငါ့အဆင့်ကခြေရင်းမှာ… ယောက်ျားလေးမာန ထိန်းချုပ်ထားပြီးနေရင်းသာ… ရက်တွေကပြဿဒါးတွေနဲ့… ဆက်နေရတာမောနေပြီ… အနားမှာမရှိတုန်းက… ငါ့ရင်ကိုနွေးစေတယ်… စွန့်ကြဲတဲ့အပြုံးတစ်ချက်က ငါ့အမြင်ကိုအေးစေတယ်… ဘယ်သူ့ကိုရွေးချယ်မှာလဲ အခုငါလေမေးနေတယ်… တွေးနေဆဲအဆင်ပြေမှာလား မင်းဘာတွေရွေးနေလဲ… မင်းသမီးရှုံးမယ့် မာယာသုံးတဲ့ယုံကြည်မှုတွေ… ငါဘယ်လိုနားလည်ရမလဲမင်းပြောတဲ့… ပုံပြင်တုတွေ… မမေ့ရက်ခဲ့… သွေးပျက်ခဲ့… တစ်ခါတရံမှာမင်းကို… အဆွေးဓါတ်နဲ့… ငါရေးတတ်ခဲ့တဲ့သီချင်းလို… CHO : CHO :

Labels:

Read More...
100% Artist : J-me
Hook (100% What 100% What all my real Me’s ya keep it 100% What I keep it tight on the mic 100%)2 V1 : I keep it simple, I keep it fresh, this aim’s no game or compilation It’s a test like examination for me’s that fight for the crown. Who like to spit on the mic before they writing it down. I keep it 100% J-me has Done it again my hardcore sounds Rock tours cause I got more than 110 people on my back And I’ me give you a smack for messing around With Rap, matter of feet I probably kill you on stage with words that’s Hurt and if it’s not enough than I’m a slam you in dart Punk. (100% What 100% What all my real Me’s ya keep it 100% What I keep it tight on the mic 100%)2 Pay respect to du real MC I’m kept it Hip Hop, so I’m keeping it me and. V2 : So many Emcee’s want to mess with us, they will be like Ashes and Dust in the garbage truck. CAUSE I bust like the police spit at you in Your street click Clack you with your heat, backslap you cause you phony. My lyrical battle hit your stereo faster than Burgers I’m keeping it tight Splitting rhymes you never heard of I’m not I call shots I on top of Hip : Hop with Rappers gathered like crops and I’m gone get props Forget Popularity I hold the little to pick up the mic in front of ya’ll and Battle all My rivals It’s the M.H.A

Labels:

Read More...
ကိုယ်မမှားပါဘူး Artist : ရဲလေး
မင်းအနားနားနေပေးပါ ကိုယ့်ဘ၀ရဲ့နေ့များမှာ မင်းတစ်ယောက်ပဲလိုတယ် ကိုယ်မမှားပါဘူး ဘယ်လိုမှလည်းမမှားနိုင် မင်းအနားနားနေပေးပါ ကိုယ့်ဘ၀ရဲ့နေ့များမှာ မင်းတစ်ယောက်ပဲလိုတယ် ကိုယ်မမှားပါဘူး ငါသတိရနေပါတယ် အချစ်ရာ... ဘ၀မှာအထူးအဆန်းပဲ ဘယ်လိုမှလည်း မေ့ပစ်လို့ကိုမရနိုင်တော့တဲ့ အဖြစ်အပျက်တွေ အရူးတစ်ပိုင်းနဲ့ မထင်မှတ်တဲ့အချစ်တစ်ခုမှာ စူးစမ်းတဲ့အရာရာတိုင်း ငါမင်းကို ထပ်ကာထပ်ကာမေးနေခဲ့ပြီး စိတ်ထဲမှာတကယ်ပဲငါ့ကို ချစ်ရဲ့လားပြော မအေးဆေးတဲ့မင်းရဲ့ အတိတ်က အကြောင်းအရာတွေလည်း ရှင်းထားလိုက်တော့ အခုဘ၀ရဲ့ လက်ရှိအချိန်တွေ တန်ဖိုးထားပါ အချစ်အတွက်နဲ့စိမ်းလန်းခဲ့ပြီး သစ်ပင်တွေလည်း ငါကိုယ်တိုင်ပဲ ပြန်ပျိုးထားတာ မရက်စက်နဲ့တော့ မင်းအကြောင်းတွေမကြားချင်ပါဘူး နှာခေါင်းသွေးထွက်ကာ အပျက်ပျက်နဲ့ပေါ့ မင်းလက်ကိုဆုပ်ကိုင်ထားပြီး အနာဂတ်လမ်းကို လျှောက်လှမ်းချင်တာ အခက်အခဲတွေကျော်ဖြတ်ချိန်တိုင်း မကြောက်တမ်းရင်မှာ မင်းရှိနေရင် ငါ့ဘ၀ကြီးပြည့်စုံပါပြီ ငါတကယ်ကိုပျော်နေပါပြီ မင်းငါ့ဂီတကို လက်ခံနိုင်ရဲလို့လား Hip Hop ကိုနားမလည်တဲ့ မိန်းကလေးတွေနဲ့ ငါမနှိုင်းပါဘူး သူများကိုပုတ်ခတ်ပြီးတော့ အပြစ်တွေပြောမယ့်လူတွေလိုလည်း ငါမရိုင်းပါဘူး မင်းသေချာစောင့်ကြည့်နေပါ မင်းနဲ့ငါအကြောင်းသိတွေပါ မင်းပုံရိပ်တွေ ငါ့ရင်ထဲမှာရောက်ရှိနေတာ CHO : ဟိုတုန်းကမပြောခဲ့ရင် ငါ့အတွက်ဆို သိပ်ကောင်းမှာပဲ အတိတ်ဟောင်းက ချစ်သူတွေထက် မင်းကငါ့အပေါ်ပို ကောင်းပါတယ် တိုတောင်းတဲ့အချိန်တွေကလည်း နေ့နဲ့ညရယ် ပြောင်းလဲလာမယ် ကြိုးစားပြီးပြင်ဆင်ပါ့မယ် မကောင်းတဲ့အကျင့် မြောင်းထဲမှာပဲမေး ဘာကြောင့်မို့ငါ့လိုလူမျိုးကိုမှ မင်းချစ်ခဲ့တာတွေး ဘာဖြစ်လို့မင်းနဲ့ကျမှ ပြန်ရင်ခုန်ခဲ့တာလဲဟေး မင်းမသိခဲ့ပါဘူး အရာအားလုံးဟာ ပထမဆုံး ဘယ်နေရာ ဘယ်ကိုသွား မလုပ်ခဲ့တာတွေ ပထမဆုံး ဧပြီ Fool မွေးခဲ့သူ ကျေးဇူးပြုပြီးအရူးမလုပ်နဲ့ အပေါင်းအသင်းတွေ အခုမရှုပ်နဲ့ သူတို့တွေကဆူးခလုတ်ပဲ ငါမေးတာဖြေပါ ဇာတ်လမ်းကမရေရာ အခုအချိန်မှာဆုံးဖြတ်ပေးပါ မင်းအနားမှာနေပါ ငါအချိန်မှန်မှန်ကို ဖုံးဆက်ပါ့မယ် အိမ်မှာနေနေပေးပါ ဒီတစ်ယောက်တည်းကို ချစ်သွားချင်လို့ ကိုယ်ဟာ ရေရှည်တွေးမှာ ငါမလိမ်ခဲ့ပါဘူး ဒီတစ်ကြိမ်ပဲငါရူးခဲ့တာ အသေချာဆုံးပါ ငါမေးတာဖြေပါဦးကွာ CHO : ငါဘယ်သူ့မှမချစ်ပါဘူး မယုံရင် မင်းဆုံးဖြတ်နိုင်တယ် ငါဟာမင်းအနား ဘယ်နားနားမှာပေါ့ ငါဘယ်သူမှမချစ်ခဲ့ပါ မယုံရင်မင်းပဲဆုံးဖြတ်ပါ ငါမင်းအနား ကိုယ်မဝေးချင်လို့ပါ CHO : မင်းကိုလွမ်းတဲ့အကြောင်း သီချင်းလေးတွေ ငါရေး မင်းကိုချစ်တဲ့အကြောင်း သီချင်းလေးတွေငါပေး ဟို ဟူး ဟို ဟူး ငါမမှားနိုင်ပါ(ငါမမှားတော့ဘူး)… CHO : CHO : CHO :

Labels:

Read More...
ပထမအနမ်း

Artist : ရဲလေး၊ စိုင်းစိုင်းခမ်းလှိုင်

ဟေး.. ရဲလေး SAI နား နာ နား … ငါ့ခံစားချက်လေးနည်းနည်းလောက် ထုတ်ပြလိုက် (ထုတ်ပြလိုက်)

CHO : အို Baby င့ါရင်ထဲမင်းမပျော်လည်း ငါပျော်နေပြီပဲ ဘယ်လိုလုပ်မလဲ တစ်ချိန်မှာနီးစပ်ဖို့အတွက် မမျှော်လင့်ရဲတော့ဘူး ချစ်သူလေး အိုး … ဝေးသွားဖို့လည်းမမြင်ရဲ ကိုယ်ယောင်ပြီး အိပ်မက်ထဲ ဒီနှလုံးသားလေးက လွမ်းမိတယ် မင်းရဲ့ဟို.. တစ်ချိန်ကအလွမ်းကို

Rap 1: ရည်းစားဦးအချစ်ဦးတွေ ဘယ်နှစ်ယောက်တောင်ငြားဖူးသလဲ ငြားတိုင်းမချစ်တဲ့

ချစ်တိုင်းမငြားတဲ့ ပြောတာကြားဖူးတယ် ငါ့မှာတော့ တိုက်ဆိုင်တဲ့အချိန်တွေတိုင်း တိုက်ဆိုင်တဲ့နေရာတွေတိုင်း တိုက်ဆိုင်စွာသတိရမိတယ် လွမ်းတဲ့စိတ်က နေရာယူလိုက် လျှောက်နေကြအိမ်ရှေ့လမ်း ထိန်နေတဲ့ခရေပန်း တစ်သက်စာ မင်းသိမ်းခဲ့ ပထမအနမ်း နှစ်ယောက်အတူတူထမင်းတွေချက်စား နှစ်ယောက် အတူတူ အပြင်ကိုသွား နှစ်ယောက်အတူတူကျူရှင်တက် နှစ်ယောက်အတူတူ စာတွေကျက်ထား အပျင်းပြေနေအလကား အိမ်ရှေ့မှာထိုင်ကစား အတိတ်နဲ့ ပစ္စုပ္ပန်ဟာ ဘာမှကိုမဆိုင်ပါလား ပြောရလည်းခက်တယ် အချစ်ကိုဖက်တွယ်သော အနာဂတ်အစီအစဉ်တွေ လုံးဥသုံ ပျက်ပျယ်သော မင်းသိပ်ကြိုက်တဲ့ ခေါင်းအုံးရိုက်ပွဲလိုပဲ ငါ့အသည်းနှလုံးကို မင်းကရိုက်ခွဲသလိုပဲ CHO : Rap 2: တစ်ခါတရံမှာအချစ်ကပျားရည် တစ်ခါတရံမှာအချစ်ကခါး အချစ်ကိုဖွင့်ဆိုတဲ့ Definition အကုန်လုံး တစ်ခါတရံမှာ အချစ်ကဒုက္ခ တစ်ခါတရံမှာ ပစ္စည်းဥစ္စာ တစ်ခါတရံမှာအချစ်ဆိုတာ တွက်လို့မရတဲ့ပုစ္ဆာ (တစ်ခါတရံမှာမုန်း) အချစ်ကိုငါထာဝစဉ် ယုံကြည်ကိုးစားခဲ့လို့ ငါ့အတွက်ရှုံး အားလုံးအမှတ်တရချည်းပဲ တစ်ချက်လောက်တော့ငဲ့လို့ကြည့် တစ်ချင်းတစ်ပုဒ်ကိုရေး အသည်းခွဲတဲ့ မယ်လိုဒီ အို ကြွေပြီ Baby ငါလေတကယ်ကို သေပြီဆရာ ဘ၀ကနေခြည်မဖြာ စိတ်တွေလည်း လေပြီကွာ ဗေဒင်ဆရာကိုမေး ဘယ်ဘ၀က ဘယ်ဝဋ်ကြွေး ဇာတာကိုတွက်ချက်တယ် ပြန်မကျွတ်သေးဘူး နားလည်ပါကြင်နာသူရယ် ငါ့ရင်မှာပူတယ် အားငယ်တဲ့စိတ်က နေရာယူတယ် ဘာဖြစ်ဖြစ်မင်းကအချစ်ဦး အရူးမူးချစ်ခဲ့ဖူးလို့ မင်းကိုငါ အခုမမေ့ဘူး မမေ့ဘူး CHO : Rap 3: ငါတို့နှစ်ယောက်ဝေးလေပြီ တစ်နေရာစီဝေး ငါတမ်းတလို့ဆွေးနေပြီ နင်ဘယ်ဆီကိုပြေး လူတွေကလေ မေးနေပြီ အတူနေစဉ်အချိန်ကိုတွေး ရီဝေကာ မှိုင်ငေးနေပြီ ပြန်တွေ့ကြတော့ မမြင်ဘူးတဲ့သူစိမ်းတွေလို စကားတွေပြောချင်လည်း ကိုယ့်စိတ်ကိုယ် ပြန်ထိမ်းနေလို့ မမြင်ကွယ်ရာမှာ ခေါင်းကိုငုံ့လို့ကြိတ်ခါငို တစ်ချိန်က ငါ့အားအလွန်ချစ်တဲ့ (မိန်းမပျို ) CHO : 2 အရင်က မင်းနဲ့ငါနဲ့လျှောက်လည်ခဲ့သောလမ်းထက်မှာ ဟိုတစ်ချိန်က မင်းမရှိတော့ ကိုယ်ဘယ်လိုရှေ့ဆက်မလဲ ချစ်လေးရေ ကိုယ်မေးချင်တာ ချစ်သေးရဲ့လား .. ဒီအချိန်မှာ ပြန်မဆုံနိုင် ကိုယ်မှားခဲ့တာပါ ပြန်ခွင့်လွှတ်ပါကွာ မေ့ပစ်ဖို့တော့ အိပ်မက်ထဲမှာ စိတ်မကူးခဲ့ စွဲလန်းလို့ တစ်ချိန်ကအနမ်းတွေကို ပြန်လည်ကာလွမ်းနေလို့ ရင်ခွင်မှာနင်မရှိတော့ဘူး .. (CHO : )

Labels:

Read More...
ဆာယိုးနားရား Artist - စောညီညီ၊ မိုးမိုး
CHO : ပြန်မလာတော့ဘူးပေါ့ သေချာ ဆုံးဖြတ်ပြီးခဲ့ရင် ငါမကျေနပ်ဘူးပေါ့ ပြန်လည် မုန်းလည်းမမုန်းရက်ပါ နင်မရှိတဲ့ဘ၀မှာ ရှင်သန်စရာမရှိတော့ဘူး ကျေကွဲပြီးနေ့စဉ် လူတကာအလည် အသက်မရှင်ဘူး ပျော်ပါစေချစ်သူ ငါဟာလမ်းပျောက်ခဲ့သူပါ သံသရာမှာ နောက်တစ်ခေါက် မကြုံခင် ရှုံးနိမ့်ခဲ့သူပါ Rap 1 : လေယာဉ်ပျံတီထွင်ခဲ့တဲ့ လူတွေကိုလည်းမုန်းတယ် တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလည်းမုန်းတယ် မင်္ဂလာဒုံလေဆိပ်က ခုံတွေကိုလည်းမုန်းတယ် ပြန်လာမယ် ပုံပြောခဲ့တဲ့ ကြင်နာသူလည်းမုန်းတယ် လေယာဉ်ပျံကိုမုန်းရတာ လေယာဉ်ပျံကခေါ်ဆောင်သွား ဟိုအန်တီကိုမုန်းရတာ သူအစီအစဉ်နဲ့ ရေမြေခြား လေဆိပ်က ခုံတွေကတော့ ငါ့မျက်ရည်အတွက် သက်သေ ကြင်နာသူလေး မင်းဘ၀အတွက် ဆုံးဖြတ်ချက်က ခက်နေ ရက်တွေထပ်နေပြီး တစ်ညနေပြီးတစ်ညနေ လက်တွေချိုးရေပြီး အလွမ်းတွေနဲ့ မနက်တွေ ငါ့ဘ၀အတွက် မင်းမရှိရင် အချစ်မရှိတာ မင်းမသိ အခြားတစ်ရက် အခြားတစ်ယောက် သံသယတွေပွားမိ ဗုဒ္ဓအဆုံးမက ကိလေသာက ဒုက္ခ ခုမှ တရားမှတ်လည်း ပါရမီက နည်းပါး လွဲမှားတဲ့ ငါ့ပုဒ်စာအတွက် မသိကိန်းက မင်းလေး ပြောင်းပြန် တချို့ကြတော့ ညီမျှခြင်းက အလှမ်းဝေး အမှတ်တရ လိုချင်ခဲ့သူ ပညာနဲ့ ဥစ္စာ အခြားမှာ ရှာဖွေရမှ ပြန်လာမယ်ဟုတ်လား … CHO : Rap 2 : ချစ်သူ တစ်ချက်အသိ အနေဝေးတော့သွေးအေးတတဲ့ မင်းအသက်က ခုမှ နှစ်ဆယ်ပတ်လည် ခလေးလေးပဲ ငါ့ကိုလွမ်းတာ နောက်ကွယ်နောက်ကြ မင်းရင်ထဲမှာရှိမလဲ ဝေးနေခြားမှာနီးစပ်သွား ဖြစ်လာခဲ့ရင် ဘယ်လိုလဲ တည်ငြိမ်မှုဆိုတာက ငါတို့အရွယ်အတွက် လက္ခဏာ ရင်ခုန်မှုဆိုတာက မင်းတို့အရွယ်အတွက် ပြဿနာ တစ်ယောက်တည်း အဖေါ်မဲ့ပြီး အထီးကျန်နေမယ့်မင်းအတွက် အကြင်နာအပြည့်ကူညီမယ့် ငါလိုလူများရှိမယ် ဒီလိုရေး ဒီလိုတွေးလို့ ငါရိုင်းသွားရင် ခွင့်လွှတ် တ၀န်သိုဆဲ အရင်လိုပဲ ဒါလည်းမင်းကိုချစ်လို့ CHO : ပြန်လာပါချစ်သူ ငါဟာမင်းမမရှိမဖြစ်သူပါ အရင်အချိန်လို ဒို့တွေအကြင်နာနွေးထွေးရအောင်ပါ..

Labels:

Read More...
တစ်ခါတုန်းက Artist : ရသ + Jenny
CHO : ပြန်မဆုံနိုင်တော့ပြီ ဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်က ဒီမိုးတွေ သည်းနေတုန်း လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ ခုချိန်မျိုး ငိုချလိုက် တိမ်တွေလို ကြွေပြီ မျည်ရည်မိုး ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာ ငါ နွေးနွေးထွေးထွေးနဲ့ တွေး ဆွေးဆဲ အတိတ်က အဝေးမှာ ဟေး ငါ့ဘေးမှာ တွေ့ သူ့ပတ်စပို့ပုံ သေးသေးလေး ဆေးတွေမှိန် ခပ် ရေးရေးဝါး အရောင်တွေတောင် ထွက်ပြေးလို့ သွား မေ့လို့မရ အဲ့ဒီနေ့တွေ ငါမြင် ကျူရှင်က အဆင်း မိုးတွေရွာရင် ထီးတစ်ချောင်းအောက် အတူတူလမ်းတွေ လျှောက်ခဲ့ လမ်းမှာ လေကြမ်းတွေကြောင့် ကြွေ မနွမ်းတဲ့ ခရေပန်းတွေ ကောက် ဇာတ်လမ်းတွေ သူ့နှုတ်ခမ်းနဲ့ ခြွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက် တိုးဝှေ့နေကြပါ ဒီလို မိုးရေတွေ ကြားမှာ အမျိုးတွေ တွေ့သွားမလား တချို့တလေ အဖေကြားမလား စိုးရိမ်တတ်သူ ငါ့တို့တွေေ၀၀ါးစွာမက်ခဲ့တဲ့ အိပ်မက်ကလည်း ကျိုးကြေမွကာ ပျက်ခဲ့တယ် မိုးရေတွေ ကြားမှာပဲ တို့တွေ ကမ္ဘာခြားကာ ဝေးသွား ဟိုမှာ မင်းကျန်းမာရေး ဂရုစိုက်ဖို့ မှာချင်တယ် မမေ့ပါနဲ့ ရုပ်ရှင်တွေထဲက အတိုင်းဆို တော်တော်လေးအေးမှာပဲ အဖော်အလှော်တွေ တွေ့ကာပျော် ပျော်နေမှာ ဖုန်း ဘယ်တော့ ခေါ်မလဲလို့မျှော်နေတာ CHO : စာလည်း မကျက်ချင်ပါ ငါ ညဘက်တိုင်း ဆက်တိုက် ထပ်မပျက်မကွက် အိပ်မက်တွေ မက်ရင် ငါ ချက်ချင်းအိပ်မက်ကို လှည့်ပတ်ရှာရင်း စက်တင်ဘာမိုးက ရက် နှစ် လ တိုးပြောင်းလဲခဲ့ နှုတ်ဆက်ရင်းသာ ငို အလယ်တန်း ကျောင်းသားဘ၀မှာ မျှော်လင့်ချက်နဲ့ အသက်သွင်းထား လက်ငင်း ကမ္ဘာ ပျက်ယွင်းကာ ပြို ငါဆိုတဲ့ ဒီသီချင်း မင်း ဟိုကနေ နားထောင် နေမလား ရဲမင်းသိန်း ဆိုတဲ့ ချာတိတ် သူ့ရဲ့အသံကို ကြားယောင် နေမှာ ခဏလောက်ဖြေပါ နီစပ်စပ် အသားရောင်တွေကြား ကိစ္စ များမြောင်နေတာ ဘာကြောင့် ဟိုက တစ်ခြားကောင်တွေစကား နားယောင်နေမှာလဲ ဒါက သက်သေ ကဗျာစပ်နေ ဒီမှာ နောက်လှည့်ကြည့်လှည့် အဲဒီ့ ကဗျာစာရွက်တွေ ၀ါဖန့်နေပြီကွာ ဟောင်းခဲ့ပြီပဲ မကြာမကြာ Chat တွေ Internet တွေ အထိ ငါ ငယ်ငယ်တုန်း မင်းနာမည်ကို အခါခါ ရှာဖတ်နေမိတာ အနာဂတ်တွေ ရှိမှာပဲ နှုတ်ခမ်းတွေတောင် ပြာ အပြတ်အေးတဲ့ည မိုးတွေကြား လမ်းတွေ လျှောက်ကာပတ် အတွေ့အထိက ချမ်းနေသလောက် ငါမရပ်ရ ပြေးပြီရှာ အနမ်းတွေပျောက် ကမ္ဘာတစ်ဖက် ဝေးကြီးက အလွမ်းတွေကြောင့် အနာ မကျက်သေးသည့် အရာ ဆေးမရှိပါ မြန်မာပြည်ကနေ အမှာဆက်ခြွေမိတာ မိုးတွေရွာလျက် ဟေ့ ဒီမှာ CHO : မှန်မှန်ဖြေ အရင်က ဇာတ်လမ်း လွမ်းသလား မေးချင် ကမ္ဘာတစ်ခြမ်း ကွာဝေးဆဲ မင်းရဲ့အလှ မှန်းကာတွေးမြင် တမ်းတအဆွးသီချင်းတွေ မဆိုချင်ဘဲနဲ့ ဆိုနေရပြီ အကယ်၍ လမ်းမှာတွေ့ရင် မင်း မှတ်မိဦးမလား ငါ့ အခန်း တံခါးစေ့ရင်း ရှိခဲ့အတိတ်က ပြီးခဲ့တဲ့ ကိစ္စတွေ မသိခဲ့သလိုမျိုးပဲ အချိုးနဲ့ နေဖို့လည်း မလွယ်လို့ပဲ တကယ့်ကိုပဲ မစဲတဲ့မိုးထဲမှာ ဘယ်လိုလဲ မိုးရယ် အညှိုးနဲ့ ရွာခဲ့သလိုပဲ တစ်ခါတည်းကို ငါ့ အသည်းကိုခွဲ သေသွားပြီ ဘာနဲ့ သင်္ဂြိုဟ်မလဲ ဟင်

Labels:

Read More...

Hamster (never be replaced)

Artist : Sai Sai Kham Leng feat. 1st lady

Rap lyrics Sai Sai Music sampled by Moe Moe Re-created the original song of 1st lady –never be replaced Hamster……..

I want you to look into my eyes, Then it doesn’t need anything to say anymore, You will find the love………… " ~~~ baby I love u ~~ and i never let u go ~~ but if I have to ( boy ) i think that u should know ~~ of a love we made ~~ can never be erased ~~ and I promise you that u will never b replaced ~~ ~"" Could i ask u some more question ~~R u gonna be serious~~ Could i make u some more love that love is like mysterious~~ B4 i met u gal, my life was tedious ~~ Mess up and hideous, u know about my previous~~~ `` you changed me everything and everything I didn’t hope// coz i wasn’t dope// but u tied wit invisible rope// ~7 days and twenty four ~ I’ve been thinking all about u// ~Necessaries anymore ~no cheating on u have no doubt to~// I couldn’t breathe at all, the 1st moment that I saw you And I was born again, you’re my future, you’re my fortune.. I won’t ignore you, whenever mused I felt the magic, Light up the candlestick, u smiled to me its damn romantic.. i clear up my mind `` i m wit u i satisfy ~~ egos and emotions ~~ were buried down and sacrificed~~ i swear to god.. i hope to die and cross my heart // and i thank god finally i found someone// " ~~~ baby i love u ~~ and i never let u go ~~ but if i hav to ( boy ) i think that u should know ~~ of a love we made ~~ can never be erased ~~ and i promise you that u will never b replaced ~~ ~"" Some said the love like ghost, said the love like fire, Some said I love u most, some said I love like mother, Love is desire, you’re the one admire, Responsibility is I will never be a liar…. You made me higher and this feeling never be expired, Enquire anyone, I don’t care its nothing dire. I’m not V.I.P squire, I’m not the one that prior But I cant grantee that entire love is mystifier Memoirs and memories were happened promiscuous. My superstitious, everything’s ambiguous. For every action, reaction is promise to us. So we should love; we should love continuously This R.I.N.G , I want you to wear forever It ain’t no precious but symbol of we’re being together I cant live without you, its empty, you already known I just don’t like that , you never ever leave alone….. " ~~~ baby i love u ~~ and i never let u go ~~ but if i hav to ( boy ) i think that u should know ~~ of a love we made ~~ can never be erased ~~ and i promise you that u will never b replaced ~~ ~"" Hay hay baby gal, you made me feel to cool You know I ended here, I m proud of being kneeling you…. Yeah … hamster … I love u… Its only I juz want u to know that I love u… now and forever…..

Labels:

Read More...

Sample Song

Artist : J-Me

CHO : ဟေး.. မင်း စိတ်ညစ်မနေနဲ့ ငါတို့နဲ့ ကမယ် လာခဲ့ အမုန်းများဘေးနားမှာထားကာ ဒီအချိန်မှာ လွင့်မျောလိုက်ပါ Rap-1 : ငါပျော်စရာတွေ စမ်းစားနေတာနေ့တိုင်းပဲ မင်းတို့တွေအော်ကာလေ အငြင်းပွားနေတာ တွေ့တိုင်းလည်း စိတ်မကောင်းဖြစ်မိတာက တကယ်ပါ ငါက အမုန်းနဲ့ အရှုံးတွေကို သယ်ကာ အားလုံးအတွက် ပျော်စရာတွေသယ်လာ ဒီအချိန်မှာဖြစ်လာတဲ့ အမှားတွေကို စိတ်ထဲကထုတ် ရှေ့ရေးအတွက် မင်းကြိုပြီးမစဉ်းစားထားတာ အတိတ်ထဲကအရှုပ် နောက်မှာပဲထားခဲ့ပါ ပုတ်ခတ်တဲ့စကားတွေကို တက်ကြွစွာအော်ပါလေ ပျော်စရာတွေများနေလို့ အဖေါ်မရှိဘဲ တစ်ယောက်တည်း ဘာလုပ်နေမှာလဲ မင်းရဲ့အဆွေတွေနဲ့အလွမ်း ဟာ ... ရှုပ်နေတာပဲ ငါ ပြောမယ် လူ့ဘ၀ဟာ နေတတ်ရင် ကျေနပ်စရာ ငါပေးမယ်ပျော်စရာတွေများလွန်းလို့ ရေတွက်ကာ မကုန်နိုင်ဘူး ဒီလူတွေငါ့ကိုပျော်တတ်လွန်းလို့တောင်မယုံနိုင်ဘူး ငါနဲ့ပျော်နိုင်ဖို့ အခွင့်အရေးမျိုး နောက်ထပ်မကြုံနိုင်ဘူး ဒါကြောင့်လည်း လာပါလေ မင်းတို့ကိုခေါ်ကာနေ Bigg-Y နဲ့ အခန်းထဲမှာ ဖန်တီးနေတာပျော်စရာတွေ Rap-2 : အားလုံးပဲ ရှေ့ကိုတိုး ဂရုစိုက်ပြီးနားထောင်ကြ Bigg-Y က သီချင်းတွေဆို အိမ်မှာနားပူလို့ အပြင်ကိုထွက် ပြဿနာတွေ ထားခဲ့ပါ အဆက်ဖြတ်လျှက် စိတ်ညစ်ပြီးထိုင်မနေနဲ့ မတ်တတ်ရပ် ကမယ် ဒီလိုဒီလို Hey ! ဒီလိုဒီလို Ha ! ခုန်ကြ ခုန်ကြ အသက်ထွက်မသတ် ဘေးဘီနဲ့ဝေးကွာသူတွေနဲ့ ကမယ် J-Me လည်း ကဲ လာအခု ဖွင့်နေတဲ့အသံတွေက ဆူနေခဲ့ လူတွေလည်းကြည့် ငါဆိုတာအားပေးနေတဲ့ လူတွေလည်းရှိ ငါ့အပိုဒ်ကို ရပ်လိုက်ပါတော့ မောလာပြီ ရေခဏတိုက် အခုပြန်လာပြီဆို အသေ က လိုက် ပျော်စရာတွေ ဝေမျှခိုက် ၀မ်းနည်းစရာဖြစ်နေတတ်တဲ့နှလုံးသားကို ချေမွှလိုက် အမုန်းများကပြောမထွက်ခဲ့ မပြောနဲ့တော့ မေ့ထားမယ့် Project နဲ့ အတူတူဆိုမယ် ဆိုပြီးရင်ကမယ် ကပြီးရင် ဆိုမယ် Bigg-Y အလှည့်ပါ ဒါပြီးရင် Chorus CHO : ဟေး.. မင်း စိတ်ညစ်မနေနဲ့ ငါတို့နဲ့ ကမယ် လာခဲ့ အမုန်းများဘေးနားမှာထားကာ ဒီအချိန်မှာ လွင့်မျောလိုက်ပါ Rap-3 : ပျော်စရာနဲ့ဒုစရိုက်ကို ခွဲခြားပြီးတော့သိကြ စဉ်းစားကြည့်ရင် လူ့ဘ၀ဟာ ပျော်စရာတွေကများလွန်းတာ ဒီအချိန်မှာ ငါဆိုတဲ့သီချင်းတွေနဲ့ ငိုနေလည်း အပျင်းပြေပဲသဘောထားလိုက် အကြောင်းမဲ့ကာ အမုန်းများခိုက် က J-Me , Bigg-Y တို့နဲ့ Snare ပျော်လိုက်ကြ ငါတို့အတူပျော်ပြီး ငါတို့နဲ့အတူကကြ ပျော်တယ်ပျော်ပျော်မြူး ပျော်တယ်ပျော်ပျော်ရူး ရင်းနဲ့ ငါတို့အတူ မြူးမြူး ... Ya! Hoo. Rap-4 : အခုအချိန်မှာ မင်းတို့တွေက ဘာတွေဘာတွေစဉ်းစားမှာလဲ အခုအချိန်မှာ မင်းတို့တွေကော ဘာတွေဘာတွေလုပ်ကြမှာလဲ အချိန်တိုင်းထိုင်ပြီး ဆွေးကြပြီး လူတိုင်းကိုတော့ မငိုပြနဲ့ HipHop တွေ လိုက်ဆိုပြီး ငါတို့နဲ့အတူ ပျော်ကြဟဲ့ Bigg-Y နဲ့ J-Me ထိုင်ပြီးတော့ မငူကြဘဲ မိန်းကလေးတွလာပြီဆိုရင် ထပြီးတော့ ဆူကြမယ် မင်းအတွေးနဲ့ငါ့အတွေးတွေလည်း တစ်ခုနဲ့တစ်ခု မတူကြလည်း ပျော်စရာတွေစဉ်းစားပြီး မင်းနဲ့ငါနဲ့ပျော်ကြမယ် CHO : (ဟေး.. မင်း စိတ်ညစ်မနေနဲ့ ငါတို့နဲ့ ကမယ် လာခဲ့ အမုန်းများဘေးနားမှာထားကာ ဒီအချိန်မှာ လွင့်မျောလိုက်ပါ ...)2

Labels:

Read More...
Sample Song

Artist - J-Me

စကားပြော (အခုခေတ်မှာ Hip Hop တွေခေတ်စားနေတယ်ပြောလည်း ကျွန်တော်သိသလောက်ကတော့ ဒီဂီတကို အနုပညာအသိုင်းအ၀ိုင်းက အသိအမှတ်မပြုကြပါဘူး တချို့တွေက အပျော်တမ်းလုပ်ကြတာ ရှိသလို တချို့က တကယ်ရူးသွပ်လို့ လုပ်ကြတာတွေလည်းရှိတယ် အားလုံးက အောင်မြင်နေကြတဲ့သူတွေချည်းပါပဲဗျာ နာမည်ကြီးချင်လို့ သီချင်းဆိုတာ မဟုတ်ဘူးလို့ ဘယ်လောက်ပဲပြောပြော ပရိသတ်လက်ခံဖို့ အတိုင်းအတာ တစ်ခုအထိတော့ ဘယ်လိုအနုပညာသမားမဆို လိုချင်ကြတာပဲ ကျွန်တော်လည်း လိုချင်တာပဲ ကျွန်တော်အောင်မြင်ချင်တာပဲ ဒါပေမဲ့ ဘယ်သူမှမပြောဘဲနဲ့ တစ်ယောက်တည်းကြိတ်သီချင်းတွေလုပ်ပြီး တစ်ယောက်တည်း နားထောင်ရတာပိုပြီး ကျေနပ်တယ်) Rap 1 : ငါမင်းလိုနေ့စဉ်ရက်တိုင်းပဲ Hip Hop နဲ့ လွင့်မျောခဲ့ ဒါကလွဲပြီးလုပ်စရာမရှိ အမြင်တွေလည်းပိုရှုပ်လာပြီး ပြဿနာတွေ ပိုပိုများ တချို့လူတွေ ငါ့ကိုမလိုလား ချိုမြိန်တဲ့ စကားတွေနဲ့တော့ အမှားတွေလည်းလျှော့ဖို့ ငါ့မှာ ဆန္ဒမရှိ မကျေနပ်ရင် မင်းဘ၀ကို တစ် ကနေပြန်စကြည့် ငါကတော့ လောကဓံကိုခံစားပြီး အမှန်အမှားမသိ မင်းတစ်ယောက်တည်း Rapper ဖြစ်လာရင် မင်းဘယ်လို ရပ်တည်မလဲ မင်းဆီမှာလိုအပ်နေတာ အရှက်တစ်ခုနဲ့ သတ္တိပဲ ငါပြောတာမပြီးသေးဘူး ဟိတ်ကောင် မင်းဆက်ပြီးနားထောင်ဦး မင်းစိတ်ကို ငြိမ်ငြိမ်လေးထား ငါ့အသံကိုကြားယောင်တုန်း ဒီအရွယ်နဲ့ အဆိုတော်ဖြစ်လာမယ် ထမင်းစားလို့မရသေးဘူး သီချင်းများကိုမင်းဂီတလို့ပြော မင်းတားလို့မရသေးဘူး ဒါနဲ့များ ခဏလေးရူးနေလို့ အကျိုးအမြတ်က မရှိ မကျေနပ်ရင်စင်ပေါ်တက် ကပ္ပလီနဲ့ထိုးသတ်ကာကြည့် သူလုပ်သမျှလိုက်လုပ်နိုင်ရင် ဒုတိယနေရာက ဆရာတစ်ပါးပဲ ဒါကိုမင်းသူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကွာခြားလည်း CHO : (ပျော်ရဲ့လား Hip Hop လောကထဲမှာ နေထိုင်တာ မင်းစလုပ်ကတည်းက အခုအချိန်ထိကို အခြေခိုင်လား ဖြေနိုင်လား ငါ့ရဲ့မေးခွန်းတွေကို အထစ်အငေါ့မရှိ ငါအောက်သက်မကျေပဲ လုပ်ခဲ့တာရှိရင် အပြစ်ပြောကြည့်)2 Rap 2 : ဒါက ဒုတိယအပိုဒ် ဘယ်သူတွေဘာပြောပြော ဂရုကမစိုက်ဘဲ Hip Hop တယုတယကြိုက်လည်း လူတွေကမုန်းလာပြီ ရူးကာမိုက်ဆဲ လူအမြင်မှာ ထူးကာ ပျော်လိုမြူးလိုစိတ်နဲ့ အမြင်တွေကြည်မလာပါ ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းရှိသလိုမျိုးခံစားမိလား Studio ကနေ အိမ်ကို ခြေလျင်လမ်းလျှောက်ပြန်သွားကြည့်ပါ မင်းကတစ်နေကုန် စိတ်ရောကိုယ်ပါ ဒီသီချင်းနဲ့ရင်း အိမ်ရောက်တော့ ပြောင်းသွားသလား ever ဒီထမင်းနဲ့ဟင်း မကြားချင်လည်းကြားနေရမယ် ထမင်းစားချိန် မိဘစကား သူတို့ဖြစ်စေချင်တဲ့ စီးပွားရေးသမား မင်းတို့အချိန်တိကျသလား လူတွေကသိကုန်ပါပြီ မင်းသီချင်းကိုကြားရပြီးတော့ ပျော်သလိုသူ စကားကကြည့် အမြဲတမ်းဆို နားကငြီးပေါ့ မင်းထက်တော်တဲ့လူပေါ်လာရင် ချက်ချင်းပါသွားမှာ သူတို့လည်း မိန်းမတွေလိုပဲ သိပ်တော့မကွာခြားပါ ဒါတွေက နေ့စဉ်ဖြစ်ပျက်နေကြ Hip Hop လောကထဲမှာ ဒုက္ခတွေမခံစေချင်လို့ ငါအမှန်တွေပဲ ပြောပြဆဲပါ CHO : (ပျော်ရဲ့လား Hip Hop လောကထဲမှာ နေထိုင်တာ မင်းစလုပ်ကတည်းက အခုအချိန်ထိကို အခြေခိုင်လား ဖြေနိုင်လား ငါ့ရဲ့မေးခွန်းတွေကို အထစ်အငေါ့မရှိ ငါအောက်သက်မကျေပဲ လုပ်ခဲ့တာရှိရင် အပြစ်ပြောကြည့်)2 စကားပြော (ယုံကြည်ချက်ဆိုတာ ငါတို့ရဲ့ယုံကြည်မှုအစစ်အမှန်တွေ ဖြစ်လာတယ် Hip Hop ကိုလည်း ဘာသာတရားတစ်ခုလို ယုံကြည်လာခဲ့တာ အဲဒါ ငါ့တစ်သက်ပဲ တကယ်လို့ ငါတို့ဒီလောက်တောင် စိတ်မထက်သန် သေးဘူးဆိုရင် ရှေ့ဆက်မယ့် ငါတို့ရဲ့ခြေသံတွေ လေသံတွေက မနီးစပ် သလိုဖြစ်နေမှာပဲ ကဲဒီမှာ မင်းယှဉ်ပြိုင်ချင်တယ်ဆိုရင် မင်းပညာအစုံ သင်လိုက်ဦး ဟိတ်ကောင်..) ငါထိုင်ခဲ့တဲ့ HipHop လောကအကြောင်းကို မင်းတို့မေးစမ်း အမှန်တကယ်တွေရေးစမ်း ခံစားချက်အစစ်အမှန်တွေကိုပေးစမ်း ဒါပေမယ့်ဒီလောကထဲ မမေးမစမ်းပဲနဲ့ဝင်မလာနဲ့ မင်းဆီမှာပရိတ်သတ်ရှိရင် မင်းကရေးစမ်းပညာမဲ့ မင်းကငယ်ပါ ဒီလောကထဲမှာမင်းလောက်အရွယ်များ သူပါးစပ်ကနေ မင်းအား နှိပ်ကွတ်မယ်လို့ မင်းအားကျယ်မလား ကျယ်ချင်ရင် ကျယ်လိုက်ကွာ မင်းအခုလိုပြောတာလွယ်လိုက်တာ မင်းအောက်သက်ကျေမယ်ဆိုရင် Microphone ကိုင် ကျယ်လိုက်မလား မင်းငါ့ကို ရှုံးရင်လေ ဟားဟားလို့ ရယ်လိုက်မှာ WuTang လည်းနားထောင် သေးတယ် Hip Hop ကို တကယ်မကြိုက်ပါ ကဲ .. မိုက်လား မင်းစိတ်က J-Me နဲ့ G-Tone လို မုန်းချင်လည်းအခုမုန်းလိုက် မပြုံးနိုင်ဘဲ အပီရှုံးလို့ စာတွေကိုသီကုံးလို့ ရေးစပ်ပြီးစိန်ခေါ်ချင်လား အလိမ်ပေါ်ရင် မှားမယ် သူငယ်ချင်း မင်းအခုအချိန်တွေးတောလိုက် ရောက်ခဲ့တဲ့ ဒုက္ခတွေကို ငါတို့အားလုံးဆေးကြော Cyclone နဲ့ Project - 1 ကို အတုယူချင်ရင် ငေးမောလိုက် CHO : (ပျော်ရဲ့လား Hip Hop လောကထဲမှာ နေထိုင်တာ မင်းစလုပ်ကတည်းက အခုအချိန်ထိကို အခြေခိုင်လား ဖြေနိုင်လား ငါ့ရဲ့မေးခွန်းတွေကို အထစ်အငေါ့မရှိ ငါအောက်သက်မကျေပဲ လုပ်ခဲ့တာရှိရင် အပြစ်ပြောကြည့်)4 What ! အပြစ်ပြောကြည့် ...

Labels:

Read More...
Sample Song

Artist - J-Me

CHO : ငါအသေချာရှင်းပြထားခဲ့ရင် အရမ်းကောင်းမယ် ရင်မှာဝမ်းနည်းခြင်းမရှိရင် ကောင်းလိမ့်မယ် မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ အငိုမျက်ဝန်းမှာ အို... မိုးများရွာ အားမငယ်ပါနဲ့ ငါရှိနေပြီပဲ ငါမင်းကိုဂရုစိုက်တယ်ဆိုတာ မင်းသိနေပြီပဲ မျက်လုံးခြင်းစကားပြောလို့နားလည်မှုရ မှန်တယ်မှားတယ်အခုမှ ပြောနေဖို့အချိန် မဟုတ်တော့ဘူး အကုန်ရှင်းနေပြီ အစကလိုမရှုပ်တော့ဘူး တို့နှစ်ယောက်စလုံး အမှားတွေပြန်မလုပ်တော့ဘူး ဟုတ်တယ် ပြောင်းလဲသွားပြီ မငိုနဲ့တော့ အလွမ်းသီချင်းတွေပြန်ပြီးမဆိုနဲ့တော့ ကဲ... ဘယ်လိုလဲပြော CHO : ငါအသေချာရှင်းပြထားခဲ့ရင် အရမ်းကောင်းမယ် ရင်မှာဝမ်းနည်းခြင်းမရှိရင် ကောင်းလိမ့်မယ် မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ အငိုမျက်ဝန်းမှာ အို... မိုးများရွာ မင်းကဖြူစင်တယ် ယုန်တွေထက် တစ်ချိန်ကလူ့ဘ၀ကို ပုံသေတွက် ဆုံနေလျှက် ကွဲနေတာ ကမ္ဘာတွေကကြား ငါ့ကိုစောင့်နေခဲ့ ကြာနေညများ ဟိုးတုန်းက အာနေကျစကားတွေထဲမှာ ပါနေကျအမှားတွေနဲ့ ငါ့ကို ခွင့်လွှတ်ဖို့တော့တောင်းပန်ဆဲ သီချင်းတွေပဲ Foul ပြန်တယ် ဖြစ်နေခဲ့ဆွေးစရာတွေပဲ ချစ်နေလျှက် ဝေးကွာနေလည်း ငိုနေလည်း အပိုတွေပဲကွာ အတိတ်တွေကိုမေ့ပြီး ငါ့ကိုကြိုနေလှည့်ပါ ငါ့အကြောင်းတွေတွေးပြီးတော့ ငါ့ရင်ခွင်ထဲ နင် ရှိုက်ကာငိုနေလည်း အပိုတွေပဲဖြစ် တိတ်တော့... နင်လိုနေမယ့်အချစ် ငါပေးမယ် ရှေ့မှာ ဘယ်ဆီကြိုနေခဲ့ရင်း ငါဆိုနေတဲ့သီချင်း မင်းအတွက်ပဲ ဆိုနေခဲ့ရင်း ချော့မော့ကာငိုနေခဲ့ မင်းမသိနိုင်ဒါဟာ ဘာအတွက်ကြောင့် မေ့ပြစ်လိုက်မျက်ရည်သုတ်ပြီး အနာဂတ်ရောက်အောင် လာဆက်လျှောက်မယ် ငါ့လက်ကိုတွဲ ခိုင်မြဲစွာတင်းကြပ်စွာ အမှောင်တွေခွဲပြီး အလင်းထွက်လာ အခက်အခဲတွေတားဆီးနေလည်း ရင်ဆိုင်ဖို့အသင့် ဒါဟာ မင်းအတွက်ပါ မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ မငိုပါနဲ့ကွာ အချစ်ဆုံးရာ မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ အငိုမျက်ဝန်းမှာ အို မိုးများရွာ CHO : ငါအသေချာရှင်းပြထားခဲ့ရင် အရမ်းကောင်းမယ် ရင်မှာဝမ်းနည်းခြင်းမရှိရင် ကောင်းလိမ့်မယ် မျှော်လင့်ဆဲပါ ဒီရင်ထဲမှာ အငိုမျက်ဝန်းမှာ အို မိုးများရွာ (မငိုပါနဲ့ကွာ အချစ်ဆုံးရာ)5

Labels:

Read More...
Serial-song
Myanmar-Classical-Songs


myspace fetishmusic player for myspaceimvu playlist

Leave a message:


TOP